လောက်ကိုင် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ၁၁ ဦး သေဆုံး
မတ်-၆၊၂၀၁၇
လောက်ကိုင်မြို့ကို MNDAA လက်နက်ကိုင် အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာမတစ်ဦး၊ အရပ်သား ငါးဦး၊ ကိုးကန့်ယာဉ်ထိန်းရဲ ငါးဦး သေဆုံးကာ လေးဦးကို ဓားစာခံအနေနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ MNDAA လက်နက်ကိုင် အဖွဲ့နဲ့ အတူ အခြားပူးပေါင်းအဖွဲ့များ ပါရှိဖွယ်ရာရှိတယ်လို့ ထုတ်ပြန်ထားပြီး တပ်မတော်ဘက်က ထိခိုက်ဆုံးရှုံးမှု မရှိဘဲ MNDAA လက်နက်ကိုင် အဖွဲ့မှ မီးရှို့ထားသည့် အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် သိမ်းဆည်းနိုင်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် ထားပါတယ်။
ရုပ်သံ - Nay Myo's Facebook စာမျက်နှာမှ ရယူဖော်ပြပါသည်။
https://www.youtube.com/watch?v=leo32B98R-Q&feature=youtu.be