Sunday, March 19, 2017

ကေတီဗွီ က ပြန်​ခဲ့တယ်

ယနေ့ (၁၉.၃.၂၀၁၇)ရက်နေ့ နံနက်(၁၀)နာရီ (၂၀) မိနစ်အချိန်ခန့်တွင် တောင်တွင်းကြီးမြို့ ၊ မြို့မဈေးကြီး တောင်ဘက် ကွေးလမ်းမပေါ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင့် ဆိုင်ကယ်ဦးထုပ် မဆောင်းသဖြင့် အဖမ်းခံရသည့် ဆိုင်ကယ်သမားတို့ ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ယခု အချိန်အထိ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

ကေတီဗွီ က ပြန်​ခဲ့တယ်
-----------------------------------
ကောင်​မ​လေးကို ​ပေးခဲ့တဲ့ မုန့်​ဖိုးသုံး​သောင်းက
သမီး​လေးအတွက်
ကျူရှင်​ဖိုး ​တစ်​လစာ ရှိတယ်​ဆိုတာ
ကျ​နော်​ ​မေ့သွားတယ်​။
အဲဒီသီချင်း​တွေ ဆိုမယ့်​အစား
သားငယ်​​လေးကို
သား​ချော့​တေးဆိုပြီး ​ချော့သိပ်​​ပေးလို့ ရတယ်​ဆိုတာ
ကျ​နော်​ ​မေ့သွားတယ်​။
ဘလူး​လေဗယ်​လ်​ တစ်​လုံးစာက
အိမ်​စားရိတ်​ တစ်​လစာ ရှိတယ်​ဆိုတာ
ကျ​နော်​ ​မေ့သွားတယ်​။
အသားစုံ​ကြော်​တစ်​ပွဲက
အ​ဖေ့အတွက်​ 
အော်​ရာမင်​ဂျီ တစ်​ဘူးဖိုး မ ကဘူးဆိုတာ
ကျ​နော်​ ​မေ့သွားတယ်​။
ပုစွန်​ခြင်းလုံး​ကြော်​တစ်​ပွဲက
အ​မေ့အတွက်​ 
ယောဂီတဘတ်​တစ်​ထည်​စာ မ ကဘူးဆိုတာ
ကျ​နော်​ ​မေ့သွားတယ်​။
ဆိုခဲ့တဲ့ ငါးချိန်​စာ ဆက်​ရှင်​ဖိုးက
သားနဲ့ သမီးရဲ့ အဝတ်​အစားဖိုး မ ကဘူးဆိုတာ
ကျ​နော်​ ​မေ့သွားတယ်​။
ထိုင်​ခဲ့တဲ့ ငါးနာရီစာ အချိန်​​တွေက
အိမ်​သူသက်​ထားနဲ့အတူ
ဘုရားသွား​ကျောင်းတက်​ ကုသိုလ်​ပြုခွင့်​ ရှိတယ်​ ဆိုတာ
ကျ​နော်​ ​မေ့သွားတယ်​။
အဲဒီညက
မေ့​လျော့ခြင်း​တွေ တစ်​​ပွေ့တစ်​ပိုက်​နဲ့
ကျ​နော်​ ......
ကေတီဗွီက ပြန်​ခဲ့တယ်​။