ကေတီဗွီ က ပြန်ခဲ့တယ်
-----------------------------------
ကောင်မလေးကို ပေးခဲ့တဲ့ မုန့်ဖိုးသုံးသောင်းက
သမီးလေးအတွက်
ကျူရှင်ဖိုး တစ်လစာ ရှိတယ်ဆိုတာ
ကျနော် မေ့သွားတယ်။
-----------------------------------
ကောင်မလေးကို ပေးခဲ့တဲ့ မုန့်ဖိုးသုံးသောင်းက
သမီးလေးအတွက်
ကျူရှင်ဖိုး တစ်လစာ ရှိတယ်ဆိုတာ
ကျနော် မေ့သွားတယ်။
အဲဒီသီချင်းတွေ ဆိုမယ့်အစား
သားငယ်လေးကို
သားချော့တေးဆိုပြီး ချော့သိပ်ပေးလို့ ရတယ်ဆိုတာ
ကျနော် မေ့သွားတယ်။
သားငယ်လေးကို
သားချော့တေးဆိုပြီး ချော့သိပ်ပေးလို့ ရတယ်ဆိုတာ
ကျနော် မေ့သွားတယ်။
ဘလူးလေဗယ်လ် တစ်လုံးစာက
အိမ်စားရိတ် တစ်လစာ ရှိတယ်ဆိုတာ
ကျနော် မေ့သွားတယ်။
အိမ်စားရိတ် တစ်လစာ ရှိတယ်ဆိုတာ
ကျနော် မေ့သွားတယ်။
အသားစုံကြော်တစ်ပွဲက
အဖေ့အတွက်
အော်ရာမင်ဂျီ တစ်ဘူးဖိုး မ ကဘူးဆိုတာ
ကျနော် မေ့သွားတယ်။
အဖေ့အတွက်
အော်ရာမင်ဂျီ တစ်ဘူးဖိုး မ ကဘူးဆိုတာ
ကျနော် မေ့သွားတယ်။
ပုစွန်ခြင်းလုံးကြော်တစ်ပွဲက
အမေ့အတွက်
ယောဂီတဘတ်တစ်ထည်စာ မ ကဘူးဆိုတာ
ကျနော် မေ့သွားတယ်။
အမေ့အတွက်
ယောဂီတဘတ်တစ်ထည်စာ မ ကဘူးဆိုတာ
ကျနော် မေ့သွားတယ်။
ဆိုခဲ့တဲ့ ငါးချိန်စာ ဆက်ရှင်ဖိုးက
သားနဲ့ သမီးရဲ့ အဝတ်အစားဖိုး မ ကဘူးဆိုတာ
ကျနော် မေ့သွားတယ်။
သားနဲ့ သမီးရဲ့ အဝတ်အစားဖိုး မ ကဘူးဆိုတာ
ကျနော် မေ့သွားတယ်။
ထိုင်ခဲ့တဲ့ ငါးနာရီစာ အချိန်တွေက
အိမ်သူသက်ထားနဲ့အတူ
ဘုရားသွားကျောင်းတက် ကုသိုလ်ပြုခွင့် ရှိတယ် ဆိုတာ
ကျနော် မေ့သွားတယ်။
အိမ်သူသက်ထားနဲ့အတူ
ဘုရားသွားကျောင်းတက် ကုသိုလ်ပြုခွင့် ရှိတယ် ဆိုတာ
ကျနော် မေ့သွားတယ်။
အဲဒီညက
မေ့လျော့ခြင်းတွေ တစ်ပွေ့တစ်ပိုက်နဲ့
ကျနော် ......
ကေတီဗွီက ပြန်ခဲ့တယ်။
မေ့လျော့ခြင်းတွေ တစ်ပွေ့တစ်ပိုက်နဲ့
ကျနော် ......
ကေတီဗွီက ပြန်ခဲ့တယ်။