Wednesday, March 22, 2017

အကယ်ဒမီပေးပွဲမှာ သက်မွန်မြင့်ဆွဲကြိုး လူစိတ်ဝင်စားမှုများ

မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲမှာ သရုပ်ဆောင် အများအပြားကို စပွန်ဆာပေးခဲ့တဲ့ အောင်သမာဓိစိန်ရွှေရတ နာ ဆိုင် ကို နှင်းဆီအငြိမ့်အဖွဲ့ဝင်တွေဖြစ်တဲ့ နေတိုး၊ ထွန်းထွန်းတို့ကိုင်ဆောင်ခဲ့တဲ့ ရွှေလက်ကိုင် အိတ်တွေနဲ့ သက် မွန်မြင့်ဝတ်ဆင်ခဲ့တဲ့ စိန်ဆွဲကြိုးကို စိတ်ဝင်စားမှုများပြားနေပြီး စုံစမ်းမေးမြန်းတာတွေရှိနေတယ်လို့သိရပါ တယ်။
အောင်သမာဓိ စိန်ရွှေရတနာဆိုင်၊ ဒါရိုက်တာအဖွဲ့ဝင် မဖြူဖြူအောင်က ‘အရမ်းသဘောကျပြီး မေးလဲမေးနေကြ တယ်၊ ယောကျာ်းလေးကိုင် အိတ်ကို ဒီဇိုင်းရှစ်မျိုးနဲ့ ရှစ်လုံးလုပ်ထားတယ်၊ လေးလုံးကယူချင်တဲ့ သူရှိတယ်၊ ယော ကျာ်းလေးတွေက ရွှေသိပ်မဝတ်ကြဘူးလေ၊ အခုဒီဒီဇိုင်းလေးထုတ်လိုက်တဲ့အခါ မေးလာကြတယ်၊ စိတ်ဝင်စား လာကြတယ်၊ ရောင်းအားလဲကောင်းလာတယ်လို့ ပြောပါတယ်။
အကယ်ဒမီဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆုရရှိသွားတဲ့  ထွန်းထွန်း ကိုင်ဆောင်ထားတဲ့ ရွှေလက်ကိုင်အိတ် ရဲ့ အရွယ်အစားဟာ I Phone 7 Plus ထက်အနည်းငယ်ကြီးတယ်။ ရွှေအလေးချိန် ၁၀ သားခန့်ရှိပြီး တန်းဖိုး အနေ နဲ့ကတော့ ကျပ်သိန်း ၉၀ ခန့်ရှိပါတယ်။ သက်မွန်မြင့် ဝတ်ဆင်ခဲ့တဲ့ စိန်ဘယက်ဒီဇိုင်းကို စိတ်ဝင်စားမှုများေ နကြပါတယ်။
တန်ဖိုးကတော့ ကျပ်သိန်း ၁၀ဝ၀ ခန့်ရှိတယ်လို့ သိရပါတယ်။ အောင်သမာဓိ စိန်ရွှေရတနာဆိုင်အနေနဲ့ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု  အကယ်ဒမီဆုပေးပွဲမှာ ရုပ်ရှင်အနုပညာရှင်ပေါင်း ၂၀ ခန့်ကို ကျပ်သိန်းပေါင်း ၁၀,ဝ၀ဝ ခန့် စ ပွန်ဆာပေးခဲ့ပါတယ်။