မန္တလေးမြို့ပေါ်ရှိ မီးပွိုင့်များတွင် တပ်ဆင်ထားသော ဘတ္ထရီအိုးများနှင့် အင်ဗာတာများကို လိုက်လံဖြုတ်ပြီး ခိုးယူနေေ သာ လူနှစ်ဦးအား လှည့်ကင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ပေါ်တွင် လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များသည် မတ်လ ၂၁ ရက်နေ့ နံနက် ၃ နာ ရီအချိန်ခန့်၌ လမ်း ၃၀နှင့် ၆၀ ထောင့်၊ ရထားသံလမ်း အနီးတွင် ယာဉ်နံပါတ်တပ်ဆင်ထားခြင်းမရှိသော မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းတို့နှင့်အတူ သံဖြတ် Cutter၊ ဂွရှင်၊ ပလာယာ၊ ဓား၊ ဂွင်းဂွဆိုဒ်စုံ စသည့် ကိရိယာများကိုတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ မသင်္ကာဖွယ်တွေ့ရှိသူများမှာ မန္တလေးမြို့ပေါ်ရှိ မီးပွိုင့်ယာဉ်ထိန်းစခန်းများအတွင်း တပ်ဆင်ထား သော ဘတ္ထရီအိုးများနှင့် အင်ဗာတာတို့အား လိုက်လံခိုးယူနေခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့စီးနင်း လာသည့် ဆိုင်ကယ်မှာလည်း အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်အတွင်းမှခိုးယူခဲ့ခြင်းဖြ စ်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ဦးမြင့်လွင် (၅၈)နှစ်၊သဲကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူနှင့် တစ်ရွာတည်းနေ သက်အောင် (၂၉)နှစ်တို့အား အမှုဖြင့်ဖမ်းဆီးကာ ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိပြီး သက်သေခံပစ္စည်းများ လိုက်လံ သိမ်းဆည်းလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ ဉာဏ်မင်းထွန်း
အကုန်သိ@#ZMT
အကုန်သိ@#ZMT