YBS ရဲ့ ပထမဦးဆုံး အမျိုးသမီး ယာဉ်မောင်း
ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ် YBS မှာ ပထမဦးဆုံး အမျိုးသမီး ယာဉ်မောင်း တယောက်ကို တွေ့ရပါတယ်။
လှိုင်သာယာ အနောက်ပိုင်း တက္ကသိုလ် ကနေ သခင်မြ ပန်းခြံအထိ ခရီရှည် ပြေးဆွဲနေတဲ့ YBS အမှတ် ၂၁ ယာဉ်လိုင်းက ဘတ်စ်ကား တစီးကို ခ လိုင်စင် ရရှိ ကိုင်ဆောင်ထားသူ အသက် ၃၀ နှစ်အရွယ် မမြတ်ရည်မွန်က တာဝန်ယူ မောင်းနှင်လျက်ရှိပါတယ်။

