Monday, March 13, 2017

ပြီးခဲ့တဲ့ တပတ်အတွင်း ကမ္ဘာ တဝှမ်းက အကောင်းဆုံး သတင်းဓာတ်ပုံတွေကို ရှုစားနိုင်ပါပြီ။

ပြီးခဲ့တဲ့ တပတ်အတွင်း ကမ္ဘာ တဝှမ်းက အကောင်းဆုံး သတင်းဓာတ်ပုံတွေကို ရှုစားနိုင်ပါပြီ။
ပုံ ၁) သြစတြေးလျ နိုင်ငံတကာ လေကြောင်း စွမ်းရည် ပြပွဲ ဝင် Tinstix of Dynamite အဖွဲ့ ရဲ့ မီးနံရံ ရှေ့မှာ လေယာဉ်ကျွမ်းဘား စွမ်းရည်။
ပုံ ၂) မက္ကကိုစီးတီး မြို့တော် အစွန်အဖျား တူးလ်တပေး (Tultepec) မှာ နှစ်စဉ် ကျင်းပလေ့ ရှိတဲ့ ဆန်ဝမ်ဒေးဒီရို့စ် ပွဲတော်မှာ ရိုးရာ နွား ရုပ်တုကြီး တခုကနေ မီးရှုးမီးပန်းတွေ ပစ်လွှတ်နေပုံ။
ပုံ ၃) တောင်ကိုရီးယား နိုင်ငံ ဆိုးလ် မြို့တော် မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေသူ တဦး ဝတ်ဆင်ထားတဲ့ မီးတွေ ထွန်းညှိဖြာထွက်နေတဲ့ ဝတ်စုံ ဒီဇိုင်း။ တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး အပေါ် လွှတ်တော်ရဲ့ အရေးယူမှုကို အမြင့်ဆုံး တရားရုံးတော် က အတည်ပြုပြီးနောက်ပိုင်းမှာ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်သူ၊ ထောက်ခံသူတွေ သောင်းနဲ့ချီ ဟာ အပြိုင် ဆန္ဒ ပြနေကြပါတယ်။
၎) အီရတ် အစိုးရ တပ်ဖွဲ့တွေနဲ့ အစ္စလာမ်မစ် နိုင်ငံတော် လို့ ကိုယ့်ဘာသာ အမည် ခံယူထားတဲ့ အစွန်းရောက် အကြမ်းဖက်အဖွဲ့ အိုင်းဇက် (ISIS) တိုက်ပွဲများ ကြောင့် အရပ်သား ထောင်ချီဟာ မိုဆူးလ် မြို့က စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ပြီးခဲ့တဲ့ ရက်သီတင်းပတ် ၂ ခု အတွင်း မြို့က မဖြစ်မနေ ထွက်ပြေးခဲ့ရတဲ့ လူအရေအတွက်ဟာ ၄၅,၀၀၀ ရှိပြီလို့ နိုင်ငံတကာ ရွေ့ပြောင်းသူများ ကူညီရေး အဖွဲ့က ပြောပါတယ်။
၅) ဆောင်းအကုန် နွေဦးကာလမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အရောင်တွေ သုတ်လိမ်း ပက်ဖျန်းကြတဲ့ ဟိုလီ (Holi) ရောင်စုံ ပွဲတော် ဆင်နွှဲ သူ တဦး။ ဟိန္ဒူ နတ်ဘုရား ခရစ်ရှနာ နဲ့ ကြင်ယာတော် ရာဒါ တို့ ဟိုလီ ပွဲတော် ဆင်နွှဲ ခဲ့ကြတယ်လို့ ရိုးရာ ဒဏ္ဍာရီ အရ ယုံကြည်ကြတဲ့ အိန္ဒိယ နိုင်ငံ အူတာပရာ့ဒက်ရှ့် ပြည်နယ် ဗရင်ဒါဗန် မြို့က ဟိန္ဒူ ဘုရားကျောင်းတွေမှာ ဆိုရင် အင်မတန် စည်ကားလှတဲ့ ပွဲတော်တွေ ကျင်းပခဲ့ကြပါတယ်။
၆) ကင်ညာနိုင်ငံ နိုင်ရိုဘီ မြို့တော် မှာ ဒေသခံ မက်ဆာရီ အမျိုးသမီးတွေက ရိုးရာ ဝတ်စုံတွေ ဝင်ဆင်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား တက်ရောက်လာတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်ထိုနီရိုဂူတာရပ်စ် ကို ကြိုဆို နှုတ်ဆက် ကပြနေကြတဲ့ မြင်ကွင်း။
၇) အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှာ နှစ်စဉ် လေးရက်ကြာ ကျင်းပလေ့ရှိတဲ့ ခရပ်ဖ် ခွေးအလှ ပြပွဲ မြင်ကွင်း။ ဒီပွဲဟာ ဒီလို အမျိုးအစား ပြိုင်ပွဲတွေထဲမှာ အကြီးဆုံးလို့ ဆိုကြပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်းစုံက ပြိုင်ပွဲဝင်တွေ လာရောက်ကြ ပြီး ထောင်ချီ တဲ့ အရေအတွက် ရှိ ခွေး တွေဟာ အကောင်းဆုံး ဆု အတွက် ယှဉ်ပြိုင်ကြပါတယ်။
၈) အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ် လိဒ်ဗီးလ် မြို့က နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ၆၈ နှစ် မြောက်
မြင်း ဆွဲ သီတင်းပတ်ကုန်ရက် နှင်းလျှော်စီးပြိုင်ပွဲဝင် သားအဖ။ ဖခင် ဖြစ်သူ ဂျက်ဖ် ဒါးလ် က မြင်းစီးပြီး နှင်းလျှော်စကိတ် စီးတဲ့ သားဖြစ်သူ ဂျေဆင်ဒါးလ်ကို ဟယ်ရစ်စင် လမ်းမကြီး တလျှောက် ဆွဲ ခေါ် ပြိုင်ပွဲ ဝင်နေဟန်ပါ။
၉) ရီယိုဒီ ဂျဲနရိုးမြို့တော်က ဆမ်းဘား အက ကာနီဗဲလ် ပွဲတော် မှာ အောင်ပွဲခံသွားခဲ့တဲ့ အင်ပီရီယို ဆရာရို ဆမ်ဘား ကျောင်းက အက ပညာရှင် တယောက်ရဲ့ တင်ဆက်ပုံ မြင်ကွင်း။